Posted by: SZBD 2
Category: SZBDG Activities

Construction Updates

March13, 2020

တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့်တန်ဖိုးမြင့် အိမ်ရာအမျိုးအစားအားလုံး အိမ်ရာဆောက်လုပ်ခွင့်များအား မတ်လ ၁၅ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်…!
တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့်တန်ဖိုးမြင့် အိမ်ရာအမျိုးအစားအားလုံး အိမ်ရာဆောက်လုပ်ခွင့်များအား မတ်လ ၁၅ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြို့တော်သတင်းစာမှသိရသည်။

အဆိုပါ တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့်တန်ဖိုးမြင့် အိမ်ရာအမျိုးအစားအားလုံး အိမ်ရာဆောက်လုပ်ခွင့်များအား အွန်လိုင်းစနစ်ဖြင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်ဆွေးနွေးမှုများကို မတ်လ ၁၁ ရက်က ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့်လျှောက်ထားရာတွင် အဆင့် ၅ ဆင့်ရှိကြောင်း၊ပထမအဆင့်မှာ လျှောက်ထားသူ ၏ အချက်အလက်၊ ဒုတိယမှာ ဆောက်မည့်အဆောက်အအုံဆိုင်ရာအချက်အလက်၊ တတိယမှာ အဆိုပါ ပထမနှင့်ဒုတိယအချက် အလက်များကို စုစည်းပြီးတွဲရမှာဖြစ်ကြောင်း၊စတုတ္ထက ဖြည့်ထားသည့်အချက်အလက်များကို ပြန်စိစစ်ပြီး မှန်ကန်ပါက အွန်လိုင်းတင်ရမှာဖြစ်ပြီး ပဉ္စမအဆင့်မှာ တင်လိုက်သည့်အချက်အလက် ပြည့်စုံတယ်လို့ ရုံးပိုင်းက စစ်ဆေး ပြီးရင် Payment ပေးရမည့် အဆင့်ရောက်သွားပြီဖြစ်ကြောင်း၊ လျှောက်ထားရာ တွင် ybps. ycdc.gov.mn ဆိုသည့် ဝက်ဘ်ဆိုက်ကနေ လျှောက်ထားရမှာ ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com

Author: SZBD 2

Leave a Reply